🛍️ เว็บไซต์นี้เป็นส่วนหนึ่งของ Shopee Affiliate Program

စိန်ဟင်္သာ သရက်ချဉ် Sein Hinthar Pickled Mango 400g

1.0 | ขายแล้ว 1 |
฿129
แบรนด์
NoBrand
หมวดหมู่
Preserved Vegetables
สภาพ
New
คงเหลือ
21 รายการ
ร้านค้า
Premium Chiang Mai

ตัวเลือก

1 รายการ
ตัวเลือกที่เลือก စိန်ဟင်္သာ သရက်ချဉ် Sein Hinthar Pickled Mango 400g ฿129

รายละเอียด

သရက်သီးအစိမ်းတွေ ပေါများနေတဲ့အချိန်မှာ တာရှည်ခံအောင်လို့ သရက်ချဉ်ပြုလုပ်ထားလေ့ ရှိကြပါတယ်။
သရက်ချဉ်ကို အချို့ကလည်း ပဲကျက်မှုန့်တို့ ငရုတ်သီးဆီချက်တို့နဲ့ သုပ်စားလေ့ ရှိကြပါတယ်။
သရက်ချဉ်ကို ကြက်သွန်နီ၊ ငရုတ်သီးစိမ်းလေးနဲ့ ဆီရွှဲရွှဲလေးဆမ်း ပြီး သုပ်စားတဲ့နည်းလေးကို မျှဝေချင်ပါတယ်။
သရက်ချဉ်သုပ်ရန်အတွက်လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့
သရက်ချဉ် ဟင်းစားဇွန်း(၁)ဇွန်းခန့် ကြက်သွန်နီ(၁)လုံး ငရုတ်သီးစိမ်း(၃)တောင့် ဆား ဟင်းချိုမှုန့် သို့မဟုတ် ကြက်သားမှုန့်အနည်းငယ် ဆီ ဟင်းစားဇွန်း(၃)ဇွန်း ပြုလုပ်ပုံအဆင့်ဆင့် သရက်ချဉ်ကို သဲနှင့် ဆားရည်များမပါရှိစေရန် ရေဆေးပါ။
ကြက်သွန်နီကို အခွံနွှာ၍ ပါးပါးလှီးပါ။
ငရုတ်သီးစိမ်းများ ပါးပါးလှီးထားပါ။
သရက်ချဉ်သုပ်မည့်ပန်းကန်ထဲသို့ ပါးပါးလှီးထားသော ကြက်သွန်နီ၊ငရုတ်သီးစိမ်းနှင့် သရက်ချဉ်တို့ကိုထည့်ပြီး ဆား၊ ဟင်းချိုမှုန့် ၊ဆီတို့ဖြင့် နှံ့စပ်အောင် လက်ဖြင့် ဖိချေပြီးနယ်ပါ။
(သရက်ချဉ်သည် မူလတွင် ဆားဖြင့် စိမ်ထားခြင်းကြောင့် သရက်ချဉ်သုပ်တွင် ဆားကိုအနည်းငယ်သာထည့်သင့်ပါသည်)
သရက်ချဉ်နှင့်ကြက်သွန်နီ ကိုပေါင်းစည်းသွားအောင် နှံ့စပ်အောင် နယ်ခြင်းဖြင့် သရက်ချဉ်သုပ်အရသာမှာ ပိုမိုကောင်းမွန်စေမည့်အပြင်
ကြက်သွန်နီရဲ့ အချိုဓာတ်၊ ဆီရဲ့ အဆိမ့်ဓာတ်တွေကလည်း သရက်ချဉ်သုပ်ကို ချို၊ ချဉ်စိမ့်အရသာဖြစ်ပြီး
ငရုတ်သီးစိမ်းထည့်ထားတဲ့အတွက် အနံ့ကိုပိုမွှေးစေပါတယ်။
သရက်ချဉ်သုပ်ကို ငါးဆားနယ်(ငါးပိတုံး)နှင့်ခရမ်းချဉ်သီးဆီပြန်ဟင်း၊ ပဲညှောင့်ပေါက် ပဲဟင်းတို့နဲ့ တွဲဖက်စားသုံးနိုင်ပါသည်။